သင်မည်သူပင်ဖြစ်စေ
သင်ဘယ်ကလာသည်ဖြစ်စေ
သင်ပါဝင်သည်
10 နှစ်ပြည့်တိုင်း အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ကြသော သူတိုင်းကို U.S. Census Bureau မှ စာရင်းကောက်ပါသည်။ အဆိုပါစာရင်းကို အစိုးရအဆင့်တိုင်းတွင် အာဏာဖြန့်ဝေရန်နှင့် တစ်နိုင်ငံလုံးအနှံ့ရှိ လူမှုအသိုင်းအဝိုင်းများထံသို့ နှစ်စဉ် ဒေါ်လာငွေ 675 ဘီလီယံကျော် ဖြန့်ဝေပေးရန် အတွက် အသုံးပြုသည်။ အင်ဒီမြို့၏ အနာဂတ်နှင့် ထိုအနာဂတ်အတွက် ဒေါ်လာငွေများနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များသည် လူတိုင်းပါဝင်မှု၊ အထူးသဖြင့် သင်ကိုယ်တိုင် ပါဝင်မှုအပေါ် မူတည်သည်။
နိုင်ငံရေးအာဏာ
စာသင်ကျောင်း ဘုတ်အဖွဲ့များမှအစ U.S. ပြည်သူ့လွှတ်တော်အထိ ပြည်သူလူထုထံသို့ အာဏာဖြန့်ဝေရန်အတွက် သန်းခေါင်စာရင်းကို အသုံးပြုသည်။
လူမှုသိုင်းအဝိုင်းအတွက် ထောက်ပံ့ကြေး
ဒေါ်လာငွေ 675 ဘီလီယံကျော်ရှိသော ဖယ်ဒရယ်ထောက်ပံ့ကြေးကို သန်းခေါင်စာရင်းအပေါ် မူတည်၍ တစ်နိုင်ငံလုံးတွင်ရှိသော လူမှုအသိုင်းအဝိုင်းများထံသို့ ဖြန့်ဝေပေးပြီး ပညာရေးနှင့်ကျန်းမာရေးမှအစ သယ်ယူပို့ဆောင်ရေးနှင့် အိုးအိမ်ကိစ္စများအထိ အားလုံးအတွက် ကူညီပံ့ပိုးပါသည်။
စီးပွားရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှု
စီးပွားရေးလုပ်ငန်းကြီးနှင့် အသေးစား စီးပွားရေးလုပ်ငန်းများ အနေနှင့် ဘယ်နေရာတွင် ဆိုင်ဖွင့်မည်၊ ဘယ်နေရာတွင် ရင်းနှီးမြှုပ်နှံမည်၊ စသည့်ကိစ္စများကို ဆုံးဖြတ်ရာတွင် သန်းခေါင်စာရင်းကို အသုံးပြုသည်။
ဘဝအရည်အသွေး မြှင့်တင်ရေး အစီအစဉ်များ
အကျိုးအမြတ် မယူသောအဖွဲ့အစည်းနှင့် အခြားသော လူမှုအဖွဲ့အစည်းများ အနေနှင့် သူတို့၏အစီအစဉ်များကို ရေးဆွဲရန်၊ အကောင်အထည်ဖော်ရန်နှင့် ပြန်လည်သုံးသပ်ရန်အတွက် သန်းခေါင်စာရင်း အချက်အလက်များကို အသုံးပြုသည်။
လျှို့ဝှက်မှု အပြည့်အစုံရှိပါသည်
ဖယ်ဒရယ်ဥပဒေအရ တစ်ဦးချင်း၏ ဖြေကြားချက်များကို 72 နှစ်ကြာ လျှို့ဝှက်ထားပြီး ရဲ၊ လူဝင်မှုကြီးကြပ်ရေး၊ အခွန်အေဂျင်စီ အဖွဲ့အစည်းများ၊ သို့မဟုတ် အမေရိကန်ပြည်ထောင်စု၏ သမ္မတဖြစ်ပါစေ၊ မည်သူတစ်ဦးတစ်ယောက်နှင့်မှ မျှဝေတင်ပြ၍မရပါ။
ဖြည့်စွက်ရန်အတွက် လွယ်ပါသည်
2020 တွင် သင့်အိမ်ထောင်စုအတွက် သန်းခေါင်စာရင်းကို အွန်လိုင်းမှတစ်ဆင့် ဖြေကြားနိုင်သော ရွေးချယ်မှု ရရှိပါလိမ့်မည်။ ရွေးချယ်စရာအားလုံးတွင် U.S. Census Bureau ဝန်ထမ်းတစ်ဦးဦးမှ သင့်တံခါးလာခေါက်သည်ထက် ပိုလွယ်ပါသည်။ သင်ကိုယ်တိုင် မဖြေကြားထားပါက သင့်တံခါးကို လာခေါက်ပါလိမ့်မည်။